Internet အကြောင်းပြောကြစတမ်းဆို social network တွေကလည်းမပါမဖြစ်ပါ။ အင်တာနက်ဆိုတာ computer အချင်းချင်းချိတ်ဆက်ထားတယ်လို့ပြောရင်သိပ်ခေတ်မမှီ တော့ပါဘူး။ တကယ်တော့ အင်တာနက်ဆိုတာကွန်ပြူတာ digital ပစ္စည်းတွေကို ကြားခံအနေ နဲ့သုံးပြီး လူအချင်းချင်းချိတ်ဆက်ထားတဲ့ ကွန်ယက်တစ်ခုပါ။
ဒါ့ကြောင့် သင်ဟာအင်တာနက်ကို စသုံးပြီဆိုတာနဲ့ ကမ္ဘာအနှံမှာ သင့်လိုပဲအင်တာ နက်ကို သုံးစွဲနေတဲ့သူသန်းပေါင်းများစွာရှိနေတယ်ဆိုတာ သတိရပါ။ အဲဒီလူအများကြီးထဲကမှ သင့်ရဲ့ဖူးစာရှင် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေကို လွယ်လွယ်ကူကူရှာဖွေချင်တယ်ဆိုရင် တော့ social network တွေကို မသုံးမဖြစ်သုံးရပါတော့မယ်။
Social network ဆိုတာ အင်တာနက်ပေါ်ကနေ အလွယ်တကူမိတ်ဆွေဖွဲ့ ဖို့စီစဉ်ထား တဲ့ဝက်ဒ်ဆိုဒ်တွေကို ပြောတာပါ။
ဥပမာ…. www.hi5.com
www.orkut.com
www.friendster.com စသဖြင့်ရှိပါတယ်။
www.hi5.com ဆိုရင် ကိုယ်တွေ့ချင်သူရဲ့အသက်၊ နေထိုင်တဲ့မြို့ (သို့မဟုတ်) နိုင်ငံနဲ့ ကျား/မ ရွေးချယ်ထည့်သွင်းပေးတာနဲ့ အဲဒီ့အချက်အလက်နဲ့ ကိုက်ညီတဲ့သူရာနဲ့ချီပြီး ဖေါ်ပြပေးပါတယ်။
ဓါတ်ပုံတွေလည်းပါလာတတ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အကြောင်းအရာအသေးစိတ်သိချင်ရင် တော့ ကိုယ်ကိုယ်တိုင်က ဒီ website မှာ register လုပ်ဖို့လိုပါတယ်။ Register လုပ်တဲ့အခါ ကိုယ့်ရဲ့နာမည်၊ မွေးနေ့၊ နေရပ်လိပ်စာ၊ email၊ ဝါသနာစသဖြင့် အခြေခံအားဖြင့်ထည့်ပေးရပါ တယ်။ ကိုယ့်ဓါတ်ပုံထည့်ချင်လည်းရပါတယ်။ ကိုယ့် email ကိုမမြင်ရအောင်ထားလို့လည်းရပါ တယ်။ တချို့ website တွေက ကိုယ့်ရဲ့ အချက်အလက်တွေကို အသေးစိတ်တောင်းတတ်ကြပါ တယ်။ ဒီလိုအချက်အလက်တွေ ဖြည့်တဲ့အခါ ကိုယ်ဘက်က အမှန်အကန်မိတ်ဆွေတွေနဲ့ ခင်ချင်ရင် ကိုယ့်အကြောင်းကို မှန်မှန်ကန်ကန် ဖြည့်ပေးဖို့ အကြံပြုလိုပါတယ်။ ဒါမှ ရေရှည်မှာ ပွင့်ပွင့်လင်းလင်းနဲ့ မိတ်ဆွေဖြစ်နိုင်မှာပါ။
ဒီလိုလုပ်ပြီးပြီဆိုရင်တော့ ကိုယ့် email ကိုပြန်စစ်ကြည့်သင့်ပါတယ်။ များသောအားဖြင့် ကိုယ် register လုပ်ထားတဲ့ social network ဆိုဒ်ကနေ အကြောင်းကြားစာပို့ပေးတတ်ပါ တယ်။ တခါတခါ အဲဒီအကြောင်းကြားစာမှာ ကိုယ်ဒီဝက်ဒ်ဆိုဒ်မှာ register လုပ်ထားတာ သေချာလားဆိုတဲ့ အတည်ပြုစာမျိုးပါလာတတ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် အခြားသူတစ်ဦးက ကိုယ့်ရဲ့ email လိပ်စာကိုသုံးပြီး register လုပ်ခွင့်ရသွားတာမျိုးမဖြစ် အောင်လို့ပါ။
Register လုပ်ပြီးပြီဆိုရင်တော့ ကိုယ်သိချင်တဲ့ သူရဲ့အကြောင်း (Profile) တွေကိုကြည့်လို့ ရပါပြီ။ သဘောကျတယ်၊ ခင်တယ် ဆိုရင် message တွေပို့ လို့ရပါတယ်။ ဒီ social network တွေမှာ member အချင်းချင်းပဲပို့လို့ရတဲ့ email စနစ်တွေရှိတတ်ပါတယ်။ message ပို့ပြီးဆက်သွယ်ရတာလောက်နဲ့ အားမရဘူး၊ ဓါတ်ပုံတွေ၊ videoတွေ၊ ကိုယ်ပိုင် Blog တွေပါ ဝေမျှချင်တယ်ဆိုရင်တော့ www.myspace.com, 360.yahoo.com, www.multiply.com လို အနည်းငယ်ရှုပ်ထွေးပေမယ့် ပိုမိုစုံလင်တဲ့ functions တွေပါတဲ့ social network တွေသုံးသင့်ပါတယ်။
Function တစ်မျိုးတည်း (ဓါတ်ပုံသက်သက်၊ video သက်သက်) ပဲ share လုပ်ရတာ စိတ်ဝင်စားရင်တော့ content communities တွေသုံးကြည့်ပါ။ ဓါတ်ပုံဝါသနာပါတဲ့ သူတွေအတွက် www.flickr.com ၊ video တွေအတွက် www.youtube.com တို့ရှိကြပါတယ်။ ဒါအပြင် ကိုယ်ကြိုက်တဲ့ web site အကြောင်းနဲ့ အဲဒီ website တွေထဲမှာပါတဲ့ အကြောင်းအရာတွေဝေမျှချင်ရင်တော့ www.digg.com, www.stumbleupon.com, www.del.iciou.us, www.slashdot.org စတဲ့ website တွေကိုအသုံးပြုလို့ရပါတယ်။ သူများတွေတင်ထားတဲ့ ဓါတ်ပုံ၊ video တွေနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေ၊ ကိုယ့်အမြင်သူ့အမြင်တွေကို ပျော်ပျော်ရွှင်ရွှင်ရင်ဖွင့်ရေးသားနိုင်ပါတယ်။ ဒီနေ့ internet ခေတ်မှာဒီလို social network တွေ၊ content communities တွေသုံးတဲ့အတွက် နိုင်ငံအရပ်ရပ်က မိတ်ဆွေသူငယ်ချင်းအသစ်တွေ ဗဟုသုတအသစ်တွေ တိုးပွားစေနိုင်သလို ကမ္ဘာကြီးဟာကျဉ်းကျဉ်းလေးပါလားဆိုတဲ့ ခံစား ချက်လေးလည်း ရရှိလာမှာဖြစ်ပါတယ်။
(social network တွေရဲ့ စာရင်းကို wikipedia မှာ ဒီ (URL)ကိုကြည့်နိုင်ပါတယ်။)
http://en.wikipedia.org/wiki/List_of_social_networking_websites
Sunday, July 08, 2007
Social Network
Posted by
Myanmar Entrepreneurs
at
2:07 AM
Labels: Myanmar internet Articles
Subscribe to:
Post Comments (Atom)

- Our Photos (11)
- Myanmar internet Articles (8)
- News (5)
- Blogging (1)
- FREE Internet Manual (1)
- List of Myanmar Forums (1)
- Myanamr Online Forums (1)
- Myanmar Forums (1)
- Myanmar Internet Review (1)
- Web 2.0 (1)
1 comment:
Very Perfect. I copy your post to my blog.
Post a Comment