Thursday, January 10, 2008

Myanmar Internet Training Review for 2007

၂၀၀၈ နှစ်သစ်ကို ရောက်ပြီဆိုတော့ ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ အင်တာနက် သင်တန်းတွေက ရလာတဲ့ အတွေ့ အကြုံတွေကနေ မြန်မာမှာ အင်တာနက်ကို ဘာတွေအတွက်သုံးကြလဲ၊ ဘာတွေ မသုံးဖြစ်ကြသေးဖူးလည်း၊ ဘယ်သူတွေ သုံးကြလဲ ဆိုတာတွေကို လေ့လာထားပါတယ်။

သင်တန်းလာတက်သူများရဲ့ အင်တာနက်သုံးဖို့ လိုအပ်ချက်တွေကတော့……

၁။ အများစုတွေ့ ရတာက အင်တာနက်ဆိုတာကို သိသင့်တဲ့ ပညာတစ်ခု အနေနဲ့ လေ့လာဖို့၊
၂။ နိုင်ငံခြားသွားခါနီး ဒီကလူတွေနဲ့ ပြန်ဆက်သွယ်ဖို့၊ နိုင်ငံခြားမှာရောက်နေတဲ့ သူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ ဆက်သွယ်ဖို့၊ (နိုင်ငံခြားရောက်ရင် အင်တာနက်တတ်ထားမှ ဖြစ်မယ်ဆိုပြီး သင်ထားတာမျိုးတွေလည်း ရှိပါတယ်။)
၃။ Email သုံးတတ်ဖို့။
၎။ နိုင်ငံခြား အလုပ်အကိုင် ရှာဖို့ (သို့) နိုင်ငံခြားကျောင်းနဲ့ ပတ်သက်တာရှာဖို့။
၅။ ဘာသာရပ်တစ်ခုခုကို စိတ်ဝင်စားလို့ အင်တာနက်က လေ့လာဖို့။ ( ဥပမာ- English၊ Graphic Design၊ AutoCAD )
၆။ သူငယ်ချင်းရှာဖို့။
၇။ chatting ပြောဖို့။
၈။ ဂီတ၊ ဖျော်ဖြေရေး အင်တာနက်မှာ ကြည့်ဖို့။
၉။ စီးပွားရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ (သွင်းကုန်၊ထုတ်ကုန် အတွက်) ရှာဖို့။
၁၀။ သတင်း ဖတ်ဖို့။
၁၁။ Project, thesis လုပ်ဖို့
၁၂။ အခြား ……….

တို့ လို့ တွေ့ ရပါတယ်။ သင်တန်းအစမှာပဲ သင်တန်းသားတွေကို အင်တာနက်မှာ ဘာတွေ လုပ်ချင်လို့ လာတတ်တာလဲလို့ မေးထားတာတွေပါ။ အင်တာနက်ဆိုတာကို ဆက်သွယ်ရေး ကိရိယာ တစ်ခုလို အသုံးပြုကြတာ အများစုတွေ့ ရပါတယ်။ တချို့ လဲ အင်တာနက်က အလုပ်ရှာလို့ ရသွားတယ်ဆိုတာ ကြားလို့ လာသင်တာမျိုးလဲ ရှိပါတယ်။ လူငယ်ပိုင်းအများစုကတော့ သီချင်းနားထောင်မယ်၊ chat မယ် ၊ သူငယ်ချင်းရှာမယ် လို့ပဲ အားသန်နေကြပါတယ်။ တချို့ လဲ ကိုယ်လေ့လာနေတဲ့ ဘာသာရပ်တွေကို အင်တာနက်သုံးပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လဲ ရှိပါတယ်။ လူကြီးပိုင်းတွေကတော့ အင်တာနက်သတင်းတွေ စိတ်ဝင်စားကြပါတယ်။ သွင်းကုန်၊ ထုတ်ကုန် စီးပွားရေးလုပ်ငန်းရှင်တွေလဲ အင်တာနက်ကို သုံးချင်ကြတယ်လို့ တွေ့ ရပါတယ်။

အင်တာနက်သင်တန်းကို လာတက်တဲ့ သူတွေကတော့ အသက်အရွယ် အပိုင်းအခြား မျိုးစုံကပါပဲ။
၁ နှစ်အတွင်း သင်တန်းသားဦးရေ (၂၅၄) မှာ ……

အသက် ၁၅ နှစ်အောက် -- ၁၀ ယောက်
၁၅ နှစ် မှ ၂၅ ထိ -- ၁၀၀ ယောက်
၂၆ နှစ် မှ ၄၅ အတွင်း -- ၁၁၄ ယောက်
၄၅ နှစ် အထက် -- ၃၀ ယောက် လောက် (အတိအကျတော့ မဟုတ်ပါ) ရှိပါတယ်။ ကျောင်းသား၊ စီးပွားရေးလုပ်ငန်းရှင်၊ အင်ဂျင်နီယာ၊ ရုံးဝန်ထမ်း၊ သံဃာ၊ တခြားသူတွေရော မျိုးစုံတွေ့ရပါတယ်။ တခါထူးထူးခြားခြား ကြုံရတာက အာရုံကြော အားနည်းတဲ့ ဝေဒနာရှင်လား၊ စိတ်ဝေဒနာရှင်ပဲလား မသိပါဘူး.. အင်တာနက် သုံးချင်လို့ ဆိုပြီး လာသင်တာ တွေ့ ရပါတယ်။

ဒီမှာ ထူးခြားတာက ၄၅ နှစ် အထက် လူကြီးပိုင်းက တစ်တန်းမှာ တစ်ဦးလောက် ပျမ်းမျှပါပါတယ်။
မြန်မာနိုင်ငံက လူကြီးတွေလည်း ခေတ်ကို မျက်ခြေ မပြတ်ဘူးလို့ သုံးသပ်မိပါတယ်။
နိုင်ငံခြားရောက်နေတဲ့ သားသမီးတွေကို ဆက်သွယ်ဖို့ ဖြစ်စေ၊ သတင်းတွေ ဖတ်ချင်လို့ဖြစ်စေ လူငယ်တွေထက်တောင် စိတ်အားထက်သန်ကြတာ တွေ့ ရပါတယ်။ နည်းပညာပိုင်း အားနည်းတာလေးပါပဲ။
ကွန်ပြူတာ လုံးဝ မသုံးဖူးသေးသူတွေလဲ အင်တာနက်ကို လေ့လာချင်ကြတာ တွေ့ ရပါတယ်။
လူလတ်ပိုင်းတွေမှာလဲ အင်တာနက် ကြည့်ဖို့ ရှိလာမှ ကွန်ပြုတာ စသုံးဖူးသူတွေ ပါပါတယ်။ အရင်တုန်းက ကွန်ပြူတာကို ရုံးလုပ်ငန်းတွေအတွက်ပဲ အသုံးဝင်တယ်ထင်ကြပေမဲ့ အင်တာနက်မှာတော့ တစ်ဦး ချင်းစီ အတွက် နေရာ ရှိမှန်း၊ ကွန်ပြူတာနဲနဲ ပါးပါးအသုံးပြုတတ်ရုံနဲ့ ကမ္ဘာကြီးနဲ့ ထိတွေ့ နိုင်မှန်း သိလာကြတယ်ထင်ပါတယ်။


မြန်မာနိုင်ငံ အနေနဲ့ အင်တာနက် အသုံးပြုမှုက အကန့် အသတ်နဲ့ပဲ ရှိပါသေးတယ်။ အများစုက အိမ်မှာ မသုံးနိင်ကြသေးတော့ ဆိုင်မှာ ရတဲ့ အချိန်နဲ့ ပြီးသလောက်ပဲ ကြည့်နိုင်သလို ဖြစ်နေပါတယ်။ အင်တာနက် အသုံးပြုခ အခက်အခဲရဲ့ နောက်ဆက်တွဲကတော့ အင်တာနက်လှိုင်းစီးတာကနေ ရင့်ကျက်ဖို့ အချိန်ကြာသွားတာပါ။ အမှန်တကယ် အင်တာနက်ကို ကိုယ့် လိုအပ်ချက်တွေ အတွက် ထိရောက်စွာ မသုံးနိုင်ကြသေးပါဘူး။ ကိုယ့် လိုအပ်ချက်ဆိုတာကလည်း နိုင်ငံခြားရောက်နေတဲ့သူတွေနဲ့ ဆက်သွယ်ဖို့လောက်ပဲ ရှိနေသေးတယ်။ အင်တာနက်ပေါ်က တကယ် အသုံးဝင်တဲ့ စွမ်းအားတွေသုံးဖို့တော့ အားနည်းနေကြပါသေးတယ်။ အင်တာနက်မှာ Search Engine ကိုသုံးပြီး ကိုယ် သိချင်တာတွေရှာကြည့်မယ်၊ ကျောင်းမှာ လုပ်ရမယ့်၊ စာတမ်း၊ ပရောဂျက် တွေအတွက် လိုအပ်တာတွေ Searching လုပ်ကြည့်မယ်၊ ဒီမှာ ကိုယ်ယူထားတဲ့ မေဂျာမှာ သူများနိုင်ငံက ကျောင်းတွေမှာရော ဘယ်လို ဘာသာတွေသင်ရလဲ၊ ဒီမှာ နဲ့ ဘာတွေကွာလဲ၊ သူများနိုင်ငံတွေမှာ ခေတ်နဲ့အညီ ဘယ်လိုမေဂျာအသစ်တွေ တိုးသင်ကြလဲ…… အဲလို ပညာရေးနဲ့ ပတ်သက်လို့ အကျိုးရှိတာတွေရှာကြည့်ဖို့ သုံးကြည့်ဖို့ အချိန်လိုနေပါသေးတယ်။ နောက်တဆင့်ဖြစ်တဲ့ အချက်အလက်တွေရှာဖွေပြီး အဲဒီအချက်အလက်တွေဟာ ကိုယ့်အတွက် ဘယ်လိုအသုံးဝင်မလဲ..၊ အင်တာနက်ပေါ်မှာ တွေ့ သမျှတွေကို အမှန်အမှား ခွဲခြားနိုင်ဖို့ ၊ အကြောင်းအရာတစ်ခုကို အင်တာနက်ပေါ်မှာ နေရာမျိုးစုံက နှိုင်းယှဉ်သုံးသပ်ကြည့်ဖို့၊ အဲလိုကိုယ်သိသလောက်နဲ့ ရပ်မထားဘဲ ကိုယ့် အသိတွေကို နယ်ပယ်သစ်တွေဆီ ရွှေ့ ဖို့၊ ကိုယ့် ဦးနှောက်ကိုလည်း ဆက်လက်ဖြန့်ကျက်ဖို့၊ တလုံးတည်းပြောရရင်တော့ Brainstorming လုပ်ဖို့ပေါ့….အဲလို အဆင့်တွေရောက်ဖို့ တော်တော်ကြိုးစားရပါအုံးမယ်။ သင်တန်းမှာကတော့ သင်တန်းသားတွေ လိုအပ်ချက်ကိုလဲ အဓိက ထားရပါတယ်။ သူတို့ gtalk ပြောဖို့ လိုအပ်ရင် gtalk ကို ဦးစားပေးသင်ပေးရပါတယ်။ အလုပ်ရှာဖို့လိုအပ်နေရင် အလုပ်ရှာ တဲ့ website တွေ အရင်ပြရပါတယ်။ အလုပ်ရှာတဲ့ website မှာလဲ အလုပ်ရှာတာအပြင် ကိုယ့် CV ကို ဘယ်လိုပြင်ဆင်မလဲ၊ သူများနိုင်ငံက salary report တွေပေါ့ .. ဘယ်အလုပ်..ဘယ်အရည်အချင်းနဲ့ဆိုရင် ဘယ်လောက်ရနေတယ် စသည်ဖြင့် မှတ်တမ်းတွေပေါ့ … အဲဒါတွေပါ လေ့လာဖြစ်ဖို့ တိုက်တွန်းပါတယ်။ တတ်နိုင်သလောက်တော့ ကိုယ်တိုင် စဉ်းစားဖြစ်ဖို့ ကိုအားပေးပါတယ်။ တခုခုဆို သင်တန်းသားတွေကို ပဲ မေးကြည့်လိုက်တယ်။
ဥပမာ website နဲ့ blog နဲ့ ကြည့် ရတာ ဘာကွာလဲပေါ့ … ဘာကြောင့်လဲပေါ့…….. တချို့ လဲ ကြည့်ပြီးသလောက်နဲ့ တင် ကွာခြားမှုလေးကို မြင်လာကြပါတယ်။

အင်တာနက် အခြေခံသင်တန်းရဲ့ သင်ရိုးမှာ

1. Web Surfing
2. Searching (Search Engines)
3. Email
4. Instant Messaging (gtalk, VZO) + MIRC
5. Job Searching
6. Web 2.0 Intro
-Wikipedia
- Blogs : Myanmarblogdirectory and some of Myanmar blogs
- Social Networking (friendster, etc…)
7. Forums
8. Others
-Maps – google maps, google earth, wikimapia

9. Recommended Websites (Alexa, learnthenet, live video, etc……)

ပါဝင်ပါတယ်။ အခြေခံသင်တန်းကို သင်တန်းရက်က (၅)ရက်ပဲဆိုတော့ အခုပြထားတဲ့ သင်ရိုးအားလုံးတော့ မသင်ဖြစ်ပါဘူး။ သင်တန်းသားတွေက ကွန်ပြူတာ အခြေခံနည်းတဲ့သူတွေဆိုရင် အမှတ်စဉ် ၅ လောက်အထိ ပဲ ကောင်းကောင်းသင်နိုင်ပါတယ်။ လိုက်နိုင်တဲ့သူတွေ များရင်တော့ များများသင်လို့ရပါတယ်။ တကယ်တော့ သင်ရိုးမှာ MIRC လိုဟာမျိုးကို ဖြုတ်ချင်နေတာ တော်တော်ကြာပါပြီ။ တခြား ပို အကျိုးရှိတာတွေ သင်ပေးချင်လို့ပါ။ နည်းနည်း လူလတ်ပိုင်း အလုပ်လုပ်တဲ့ အရွယ်မျိုးများတဲ့ အတန်းဆိုရင် MIRC အစား တခြား အလုပ်ရှာတာတို့ ၊သူ တို့ ဘာတွေလိုအပ်သေးလဲ မေးပြီး ထပ်ဖြည့်သင်ပေးရပါတယ်။ ဒါမှမဟုတ် connection ကောင်းတဲ့ ဆိုင်မျိုး၊ အချိန်မျိုးဆိုရင်တော့ VZO နဲ့ MIRC ဘယ်ဟာသင်ချင်လဲ သင်တန်းသားတွေကို ပဲ နည်းနည်းရှင်းပြပြီး မေးလိုက်ပါတယ်။ တွေ့ ရတာအများစုကတော့ VZO တော့ ပို စိတ်ဝင်စားကြပါတယ်။
လူငယ်ပိုင်းများရင်တော့ အလုပ်ရှာတာ အစား ကျောင်းနဲ့ ပတ်သက်တဲ့ website တွေ ပြဖြစ်ပါတယ်။ နယ်ပယ်စုံရအောင်တော့ ပြရတာပေါ့…. ဘာတွေ ရွေးချယ်သွားတယ်၊ ဘယ်လို ဆက်သုံးဖြစ်ကြလဲဆိုတာတော့ သေချာ လေ့လာမကြည့်ရသေးပါဘူး…. နည်းနည်းပါးပါး မေးကြည့် တာတော့ ရှာစရာရှိလာရင်တော့ Searching engines သုံးဖြစ်မယ်လို့ ပြောကြပါတယ်။

သင်တန်းအပြီး သင်တန်းအပေါ် ဝေဖန်ချက်လေးတွေ တောင်းခံ ရာမှာ တော့ သင်တန်းချိန်တိုးမြှင့်ပြီး ပိုသင်နိုင်ရင်ကောင်းမယ်၊ သင်ရိုးစာအုပ်ပေးရင်လဲ ပိုမှတ်မိမှာပါ၊
အင်တာနက်ကို သုံးရတာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ရပါတယ်၊ အဲလို comments တွေ အများစုတွေ့ ရပါတယ်။
တချို့ ကွန်ပြူတာပိုင်းအားနည်းတဲ့ သူတွေလဲ သင်တာမြန်တယ်လို့ ဝေဖန်ချက်တွေ ပေးပါတယ်။
အင်တာနက်သုံးရတာ အချိန်များများရရင်ကောင်းမှာပဲ၊ လူကြီးပိုင်းတွေကလဲ next generation တွေမှာ အင်တာနက်ကို သုံးဖို့လိုမယ်လို့ သုံးသပ်သွားကြပါတယ်။


တစ်နှစ်အတွင်း ကြုံတွေ့ ခဲ့ ရတဲ့ သင်တန်းသား ၂၅၀ကျော် ပမာဏပေါ်မှာ လေ့လာထားခြင်းဖြစ်ပါတယ်။

1 comments:

Anonymous said...

我的站點介紹:情趣用品,情趣用品,情趣用品,情趣用品情趣用品,
情趣用品,
情趣用品,
情趣用品,
情趣用品,
情趣用品 來看看 賣克

室內設計這是我找過最好的一家唷!

室內設計這家很好!

保健食品代工,素食膠囊,順傑

你需要買雨傘,這裡有一把優良的雨傘讓你的,制服不會被淋濕唷!制服