Friday, November 16, 2007
Myanmar Internet Class (Royal Net) 12-16 Nov 07
Posted by
Myanmar Entrepreneurs
at
4:05 AM
0
comments
Labels: Our Photos
Thursday, November 15, 2007
Myanmar Forums
List of Myanmar Online Forums
မြန်မာ အွန်လိုင်းဖိုရမ်များ စာရင်း
http://forum.phoewa.com/forum
http://www.ngoinmyanmar.org
http://www.mmgeeks.org/forum
http://www.myawady.net/myanmar/
http://www.myanmartalk.com
http://www.padonma.com/forums
http://www.tpmyanmar.org
http://www.npmyanmar.com/forums
Read more!
Posted by
Myanmar Entrepreneurs
at
8:08 PM
59
comments
Labels: List of Myanmar Forums, Myanamr Online Forums, Myanmar Forums
Thursday, October 25, 2007
Myanmar Internet Class (Mother Home )
Posted by
Myanmar Entrepreneurs
at
6:55 PM
1 comments
Labels: Our Photos
Sunday, July 08, 2007
Myanmar Internet Class (SMT Net July 2-6)
Posted by
Myanmar Entrepreneurs
at
9:11 AM
3
comments
Labels: Our Photos
Wikipedia
Wikipedia ဆိုတာကတော့ ဘာသာစကားမျိုးစုံပါဝင်တဲ့ အင်တာနက်ပေါ်က အခမဲ့ လွတ်လပ်စွယ်စုံကျမ်းပါ။ ဒီစွယ်စုံကျမ်းကြီးမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို မည်သူမဆို လွတ်လပ်စွာ ဖတ်ရှုနိုင်သလို ကိုယ်တိုင်လည်း ပါဝင်ရေးသားနိုင်ပါတယ်။ ဘာသာစကား အသီးသီးနဲ့ ပါဝင်ရေးသားကြပြီး သင်ကိုယ်တိုင်လည်း wikipedia ရဲ့ တစိတ်တပိုင်းအဖြစ် လိုနေသေးကြောင်းကို wikipedia website ရဲ့ home page မှာ အပိုင်းအစလေးတွေကို ဆက်ပြီး ပုံဖော်ရတဲ့ Jigsaw ကစားနည်းလေးနဲ့ ပုံဖော်ထားတာတွေ့ ရမှာပါ။ Wiki ကို ၂၀၀၁ ဇန်နဝါရီမှာ ဂျင်မီဝေးလ်စ် နဲ့ လာယ်ရီစင်းဂါ တို့က ဖန်တီးခဲ့တာပါ။
တချိန်တုန်းကတော့ စွယ်စုံကျမ်းဆိုရင် ဘာသာရပ်ကျွမ်းကျင်သူတွေ၊ တက္ကသိုလ် ပါမောက္ခတွေက နှစ်ပေါင်းများစွာ ရေးသားပြုစုပြီး စာအုပ်အကြီးကြီးတွေနဲ့ အတွဲလိုက် ပုံနှိပ်ကြတယ်၊ ဒေါ်လာ ရာနဲ့ချီ၊ ထောင်နဲ့ချီပြီးပေးရပါတယ်၊ Britannica စွယ်စုံကျမ်းကတော့ နာမည်အကြီးဆုံးပေါ့။ computer ခေတ်ရောက်လာတော့ စာအုပ်တွေအစား CD-ROM တွေပေါ်လာတယ်။ Microsoft ကထုတ်တဲ့ Encarta စွယ်စုံကျမ်းCDက ထိပ်ဆုံးကပါ ။ ဒါပေမဲ့ အရင်တုန်းက အကြောင်းအရာတွေကို စာရွက်ပေါ်ကနေ CD အဖြစ်အသွင်ပြောင်းလိုက်တာပဲ ရှိတာပါ။ Britannica မှာ ဆောင်းပါးပေါင်း ၈၀,၀၀၀ လောက်ပဲရှိရာက Microsoft Encarta မှာတော့ တစ်သိန်းကျော်လောက်ထိ ပါလာပါတယ်။
ထူးခြားတဲ့အပြောင်းအလဲကတော့ အင်တာနက်ကို သုံးပြီးဖတ်ရှုလို့ရအောင်လုပ်ခဲ့တဲ့ wikipedia ပါ။ အစမှာတော့ အရင်ပုံစံ စွယ်စုံကျမ်း တစ်ခုဖြစ်တဲ့ Nupedia နဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စွယ်စုံကျမ်းကို project ပုံစံပြောင်းပြီး လူတိုင်းပါဝင်မှုကို ဖိတ်ခေါ်ထားပါတယ်။ လူတစ်ယောက်က မိမိ နှံစပ်ကျွမ်းကျင်တဲ့ အကြောင်းအရာတစ်ခုကို စရေးတယ်၊ တခြားတ ယောက်ကလည်း အဲဒီအကြောင်းအရာကို ပိုသိတယ်ဆိုရင် ဝင်ပြီးဖြည့်ရေးနိုင်ပါတယ်။ အဲလိုပဲ ကိုယ်ကလည်း တခြားသူရေးထားတဲ့ အကြောင်းအရာကို လိုနေတယ်ထင်ရင် ထပ်ပြီးဖြည့်စွက် နိုင်တယ်။ မှားနေရင်လည်း ပြင်ပေးလို့ရပါတယ်။ တကယ်လို့ အချက်အလက်တစ်ခုက အငြင်းပွားစရာဖြစ်နေရင်လည်း discussion ကဏ္ဍမှာဆွေးနွေးနိုင်ပါတယ်။
ကိုယ်က ခေါင်းစဉ်သစ်တစ်ခုကို စရေးမယ်ဆိုရင်တော့ wikipeida website မှာ register လုပ်ဖို့လိုပါတယ်။ ရှိပြီးသားခေါင်းစဉ်ကို ထပ်ဖြည့်ဖို့ဆိုရင်တော့ ဆောင်းပါးထဲမှာ edit ဆိုတဲ့ နေရာလေးတွေကို နှိပ်လိုက်ရင် ရေးလို့ရမဲ့နေရာဆီ ရောက်သွားပါလိမ့်မယ်။ ဆောင်းပါး အသစ်တွေဟာ ဆီလျှော်တဲ့အကြောင်းအရာဖြစ်မဖြစ်၊ အချက်အလက်မှန်ကန်မှုရှိမရှိ ကိုတော့ စိစစ်ပါတယ်။
Wikipedia ကိုယခုချိန်ထိ ဘာသာစကားပေါင်း (၂၅၃) မျိုးနဲ့တွေ့ နိုင်ပါတယ်။ မြန်မာဘာသာ အပါအဝင်ပေါ့။ ဆောင်းပါးအားလုံးစုစုပေါင်း ၇.၅သန်း ရှိနေပါပြီ။ အင်္ဂလိပ်ဘာသာနဲ့ချည်းပဲ ဆောင်းပါး ၁.၈၄ သန်းလောက်ရှိတယ်။ ထပ်ပြီးလဲ တိုးလာနေ ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ wiki ကို en.wikipedia.org ၊မြန်မာက my.wikipedia.org နဲ့ တိုက်ရိုက်သွားလို့ရပါတယ်။ wiki ရဲ့ main နေရာဖြစ်တဲ့ www.wikipedia.org မှလည်း အခြားဘာသာတွေကို သွားလို့ရပါတယ်။
ကိုယ်လိုချင်တဲ့ အကြောင်းအရာ၊ အချက်အလက်ကို Search ဆိုတဲ့နေရာလေးမှာ ရိုက်ထည့်ပြီး ရှာရမှာပါ။ ရှေ့ စာမျက်နှာမှာတော့ နေ့တိုင်းအတွက် အကောင်းဆုံး ဆောင်းပါး၊ ဓါတ်ပုံ၊ မွေးနေ့ရှင်အဆိုအမိန့်တွေနဲ့ သတင်းအတိုအထွာလေးတွေကို ထုတ်ပေးထားပါတယ်။ ဆောင်းပါးတစ်ပုဒ်ကိုဖတ်ပြီဆိုရင် အဲဒီအကြောင်းအရာထဲက ဝေါဟာရတွေ၊ စကားလုံးတွေမှာ သီးခြားဆောင်းပါး ရှိရင်လည်း အပြာရောင်လေးတွေ ပြပြီးချိတ်ဆက်ထားပါတယ်။ တခြားဆက်စပ်နေတဲ့ ခေါင်းစဉ်တွေကိုလည်း အောက်ဘက်က See also နေရာမှာပေး ထားတယ်။ ဒီ့ပြင် တခြား websites ကောင်းတာတွေကိုလည်း External Links အနေနဲ့ လမ်းညွှန်ထားပါတယ်။ ကျမ်းကိုးစာရင်း References တွေကိုလည်းဖော်ပြထားပါတယ်။ သာမန်လူတစ်ဦးကလည်း ဝင်ရေးနိုင်တဲ့ စွယ်စုံကျမ်းက စိတ်ချနိုင်မှုရှိပါ့မလားဆိုပြီး မေးခွန်းထုတ်ကြပေမဲ့ လူအများစုရေးကြတာဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုထိ ပြည့်စုံ မှန်ကန်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ လွတ်လပ်ပြီး လူတိုင်းပါဝင်နိုင်မှုကို အဓိက ထားတဲ့အတွက် အချက်အလက်တွေက ကိုယ့်အတွက် တကယ်အသုံးဝင်မဝင်ကိုတော့ ကိုယ်တိုင် ချင့်ချိန်ဖို့ အားပေးထားပါတယ်။
Wikipedia မှာ စွယ်စုံကျမ်းအပြင် တခြားစီမံကိန်းတွေလည်းရှိပါသေးတယ်။ ဘာသာမျိုးစုံ အဘိဓါန် wiktionary ၊ အဆိုအမိန့်တွေစုထားတဲ့ wikiquote ၊ online သင်ယူနိုင်တဲ့ wikiversity နဲ့ တခြား wiki ရဲ့ အလားတူ sister projects တွေကိုလည်းလေ့လာနိုင်ပါတယ်။ ကမ္ဘာ့မြေပုံပေါ်မှာ ကိုယ့်အိမ်နေရာလေးထည့်ချင်ရင်တော့ www.wikimapia.org မှာညွှန်းပေးလို့ရပါတယ်။ လူကြည့်အများဆုံး websites တွေကို စာရင်းပြုစုတဲ့ www.alexa.com ရဲ့အဆိုအရ wikipedia ဟာယခုလက်ရှိ လူကြည့် အများဆုံးထိပ်ဆုံး ၁၀ စာရင်းဝင်ပါ။ တခြားစွယ်စုံကျမ်း တွေကိုလေ့လာချင်ရင်တော့ wiki ကိုအရင်သွားပြီး list of encyclopedias ဆိုပြီးရှာကြည့် လိုက်ပါ။ တကမ္ဘာလုံးက အမျိုးအစားစုံလင်တဲ့ စွယ်စုံကျမ်းစာရင်းကိုတွေ့ရမှာပါ။
Read more!
Posted by
Myanmar Entrepreneurs
at
2:10 AM
1 comments
Labels: Myanmar internet Articles
Open Courseware
ဒီနေ့လို အင်တာနက်ခေတ် အမြဲမပြတ်သင်ယူလေ့လာနေတဲ့ လူ့အဖွဲ့အစည်းထဲမှာ သင့်အနေ နဲ့နောက်ကျကျန်နေလား?...!! ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေရဲ့ သင်ခန်းစာတွေက သင့်ဆီကို ပျံသန်းလာနေပါပြီ။ ၂၀၀၁ ခုနှစ်ကစပြီး အမေရိကန် မန်ဆက်ချူးဆက် နည်းပညာတက္ကသိုလ်(MIT) က သူတို့ရဲ့သင်ရိုးတွေကို Online ပေါ်မှ လူတိုင်းသင်ယူလေ့လာနိုင်တဲ့ Open Courseware ဆိုပြီး စတင်မိတ်ဆက်ခဲ့ပါတယ်။ ဝင်ခွင့်တွေ၊ ကန့်သတ်ချက်တွေ ဘာမှမလိုဘဲ ကိုယ်လိုချင်တဲ့ဘာသာကို ရွေးပြီးလေ့လာနိုင်တယ်။ အခုဆိုရင် Undergraduate အတွက် သင်ရိုးပေါင်း ၁၀၀၀ ကျော်ရှိနေပါပြီ်။
ကျောင်းအပ်တဲ့အနေနဲ့လုပ်ရမှာက MIT web site မှာ register လုပ်ရုံပါပဲ။ သင်ခန်းစာတွေမှာ assignmentတွေ၊ projectတွေ လုပ်ရလေ့ရှိပါတယ်။ တချို့သင်ရိုးတွေက စာမေးပွဲတွေဖြေရတယ်။ သင်ခန်းစာရှင်းလင်းချက်တွေကို ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေ download ကူးယူပြီးလေ့လာနိုင်တယ်။ တချို့သင်ခန်းစာတွေကတော့ မှတ်စုနဲ့ အမေးအဖြေတွေပဲပေးပါတယ်။ MITတက္ကသိုလ်ပါမောက္ခတွေ ရေးတဲ့ ပြဌာန်းစာအုပ်တွေလဲရှိတယ်။ Simulations (သရုပ်ပြပရိုဂရမ်)တွေ၊ Power Point presentation တွေနဲ့လဲ ရှင်းလင်းထားပါတယ်။ ကျောင်းသားအချင်းချင်းတိုင်ပင်ဆွေးနွေးဖို့ကိုလဲ discussion groupတွေနဲ့ လုပ်လို့ရတယ်။ OCW သင်ရိုးတွေက ဘွဲ့ ချီးမြှင့်မှာမဟုတ်ကြောင်းကိုတော့ ပြောထားပါတယ်။
အခုဆိုရင် MIT အပြင် တခြားနေရာတွေမှာလဲ OCW လှုပ်ရှားမှုတွေရှိနေပါပြီ။ OCW လေ့လာနိုင်တဲ့နေရာတွေကတော့…….
http://ocw.mit.edu (Massachusetts institute of Technology OCW)
http://ocw.usu.edu (Utah State University OCW)
http://ocw.jhsph.edu (Johns Hopkins School of Public Health OCW)
http://ocw.tufts.edu (Tufts University OCW)
http://ocw.fhda.edu (Foothill – De Anza Community College SOFIA)
http://ocw.cmu.edu/oli/ (Carnegie Mellon Open Learning Initiative)
MIT ကသင်ရိုးတွေကို တရုတ်၊ ဂျပန်နဲ့ တခြားဘာသာတွေကိုလည်း ပြန်ဆိုထားပါတယ်။ Open Courseware တွေကို ကျောင်းသူကျောင်းသားတွေအပြင် ဆရာ၊ဆရာမတွေလည်း ကိုးကားဖို့ ခွင့်ပြုထားပါတယ်။ Open Courseware နည်းတူတခြားအဖွဲ့အစည်းတွေကလည်း Open Educational Resources၊ Development Gateway ဆိုပြီး knowledgeတွေကို shareလုပ်ထားတာ တွေလဲရှိပါသေးတယ်။ topics.developmentgateway.org, www.dgfoundation.org တို့မှာလေ့လာ နိုင်ပါတယ်။
Read more!
Posted by
Myanmar Entrepreneurs
at
2:08 AM
3
comments
Labels: Myanmar internet Articles
Social Network
Internet အကြောင်းပြောကြစတမ်းဆို social network တွေကလည်းမပါမဖြစ်ပါ။ အင်တာနက်ဆိုတာ computer အချင်းချင်းချိတ်ဆက်ထားတယ်လို့ပြောရင်သိပ်ခေတ်မမှီ တော့ပါဘူး။ တကယ်တော့ အင်တာနက်ဆိုတာကွန်ပြူတာ digital ပစ္စည်းတွေကို ကြားခံအနေ နဲ့သုံးပြီး လူအချင်းချင်းချိတ်ဆက်ထားတဲ့ ကွန်ယက်တစ်ခုပါ။
ဒါ့ကြောင့် သင်ဟာအင်တာနက်ကို စသုံးပြီဆိုတာနဲ့ ကမ္ဘာအနှံမှာ သင့်လိုပဲအင်တာ နက်ကို သုံးစွဲနေတဲ့သူသန်းပေါင်းများစွာရှိနေတယ်ဆိုတာ သတိရပါ။ အဲဒီလူအများကြီးထဲကမှ သင့်ရဲ့ဖူးစာရှင် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေကို လွယ်လွယ်ကူကူရှာဖွေချင်တယ်ဆိုရင် တော့ social network တွေကို မသုံးမဖြစ်သုံးရပါတော့မယ်။
Social network ဆိုတာ အင်တာနက်ပေါ်ကနေ အလွယ်တကူမိတ်ဆွေဖွဲ့ ဖို့စီစဉ်ထား တဲ့ဝက်ဒ်ဆိုဒ်တွေကို ပြောတာပါ။
ဥပမာ…. www.hi5.com
www.orkut.com
www.friendster.com စသဖြင့်ရှိပါတယ်။
www.hi5.com ဆိုရင် ကိုယ်တွေ့ချင်သူရဲ့အသက်၊ နေထိုင်တဲ့မြို့ (သို့မဟုတ်) နိုင်ငံနဲ့ ကျား/မ ရွေးချယ်ထည့်သွင်းပေးတာနဲ့ အဲဒီ့အချက်အလက်နဲ့ ကိုက်ညီတဲ့သူရာနဲ့ချီပြီး ဖေါ်ပြပေးပါတယ်။
ဓါတ်ပုံတွေလည်းပါလာတတ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အကြောင်းအရာအသေးစိတ်သိချင်ရင် တော့ ကိုယ်ကိုယ်တိုင်က ဒီ website မှာ register လုပ်ဖို့လိုပါတယ်။ Register လုပ်တဲ့အခါ ကိုယ့်ရဲ့နာမည်၊ မွေးနေ့၊ နေရပ်လိပ်စာ၊ email၊ ဝါသနာစသဖြင့် အခြေခံအားဖြင့်ထည့်ပေးရပါ တယ်။ ကိုယ့်ဓါတ်ပုံထည့်ချင်လည်းရပါတယ်။ ကိုယ့် email ကိုမမြင်ရအောင်ထားလို့လည်းရပါ တယ်။ တချို့ website တွေက ကိုယ့်ရဲ့ အချက်အလက်တွေကို အသေးစိတ်တောင်းတတ်ကြပါ တယ်။ ဒီလိုအချက်အလက်တွေ ဖြည့်တဲ့အခါ ကိုယ်ဘက်က အမှန်အကန်မိတ်ဆွေတွေနဲ့ ခင်ချင်ရင် ကိုယ့်အကြောင်းကို မှန်မှန်ကန်ကန် ဖြည့်ပေးဖို့ အကြံပြုလိုပါတယ်။ ဒါမှ ရေရှည်မှာ ပွင့်ပွင့်လင်းလင်းနဲ့ မိတ်ဆွေဖြစ်နိုင်မှာပါ။
ဒီလိုလုပ်ပြီးပြီဆိုရင်တော့ ကိုယ့် email ကိုပြန်စစ်ကြည့်သင့်ပါတယ်။ များသောအားဖြင့် ကိုယ် register လုပ်ထားတဲ့ social network ဆိုဒ်ကနေ အကြောင်းကြားစာပို့ပေးတတ်ပါ တယ်။ တခါတခါ အဲဒီအကြောင်းကြားစာမှာ ကိုယ်ဒီဝက်ဒ်ဆိုဒ်မှာ register လုပ်ထားတာ သေချာလားဆိုတဲ့ အတည်ပြုစာမျိုးပါလာတတ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် အခြားသူတစ်ဦးက ကိုယ့်ရဲ့ email လိပ်စာကိုသုံးပြီး register လုပ်ခွင့်ရသွားတာမျိုးမဖြစ် အောင်လို့ပါ။
Register လုပ်ပြီးပြီဆိုရင်တော့ ကိုယ်သိချင်တဲ့ သူရဲ့အကြောင်း (Profile) တွေကိုကြည့်လို့ ရပါပြီ။ သဘောကျတယ်၊ ခင်တယ် ဆိုရင် message တွေပို့ လို့ရပါတယ်။ ဒီ social network တွေမှာ member အချင်းချင်းပဲပို့လို့ရတဲ့ email စနစ်တွေရှိတတ်ပါတယ်။ message ပို့ပြီးဆက်သွယ်ရတာလောက်နဲ့ အားမရဘူး၊ ဓါတ်ပုံတွေ၊ videoတွေ၊ ကိုယ်ပိုင် Blog တွေပါ ဝေမျှချင်တယ်ဆိုရင်တော့ www.myspace.com, 360.yahoo.com, www.multiply.com လို အနည်းငယ်ရှုပ်ထွေးပေမယ့် ပိုမိုစုံလင်တဲ့ functions တွေပါတဲ့ social network တွေသုံးသင့်ပါတယ်။
Function တစ်မျိုးတည်း (ဓါတ်ပုံသက်သက်၊ video သက်သက်) ပဲ share လုပ်ရတာ စိတ်ဝင်စားရင်တော့ content communities တွေသုံးကြည့်ပါ။ ဓါတ်ပုံဝါသနာပါတဲ့ သူတွေအတွက် www.flickr.com ၊ video တွေအတွက် www.youtube.com တို့ရှိကြပါတယ်။ ဒါအပြင် ကိုယ်ကြိုက်တဲ့ web site အကြောင်းနဲ့ အဲဒီ website တွေထဲမှာပါတဲ့ အကြောင်းအရာတွေဝေမျှချင်ရင်တော့ www.digg.com, www.stumbleupon.com, www.del.iciou.us, www.slashdot.org စတဲ့ website တွေကိုအသုံးပြုလို့ရပါတယ်။ သူများတွေတင်ထားတဲ့ ဓါတ်ပုံ၊ video တွေနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေ၊ ကိုယ့်အမြင်သူ့အမြင်တွေကို ပျော်ပျော်ရွှင်ရွှင်ရင်ဖွင့်ရေးသားနိုင်ပါတယ်။ ဒီနေ့ internet ခေတ်မှာဒီလို social network တွေ၊ content communities တွေသုံးတဲ့အတွက် နိုင်ငံအရပ်ရပ်က မိတ်ဆွေသူငယ်ချင်းအသစ်တွေ ဗဟုသုတအသစ်တွေ တိုးပွားစေနိုင်သလို ကမ္ဘာကြီးဟာကျဉ်းကျဉ်းလေးပါလားဆိုတဲ့ ခံစား ချက်လေးလည်း ရရှိလာမှာဖြစ်ပါတယ်။
(social network တွေရဲ့ စာရင်းကို wikipedia မှာ ဒီ (URL)ကိုကြည့်နိုင်ပါတယ်။)
http://en.wikipedia.org/wiki/List_of_social_networking_websites
Read more!
Posted by
Myanmar Entrepreneurs
at
2:07 AM
1 comments
Labels: Myanmar internet Articles
Thursday, July 05, 2007
Myanmar Internet Training : CometNet (July 2-6)
Posted by
Myanmar Entrepreneurs
at
9:17 PM
0
comments
Labels: Our Photos
Thursday, May 24, 2007
Myanmar Internet Training SMT Net (May 15-19)
Posted by
Myanmar Entrepreneurs
at
1:39 AM
2
comments
Labels: Our Photos
Monday, April 02, 2007
သကြန်
သကြန်ကျတော့မယ်....သူငယ်ချင်းတို့ရေ
Read more!
Posted by
Myanmar Entrepreneurs
at
6:17 AM
2
comments
Sunday, April 01, 2007
Blog Free Seminar At SMT Net
Posted by
Myanmar Entrepreneurs
at
11:27 PM
1 comments
Labels: Our Photos
Saturday, March 31, 2007
Myanmar Internet Training: SMT Net
Ko Aung Zaw Min & Ko Soe Min Htwe
Read more!
Posted by
Myanmar Entrepreneurs
at
11:42 PM
0
comments
Labels: Our Photos
Wednesday, March 28, 2007
Internet News : Virus Warning
သတိ
သင့်ရဲ့ computer, memory stick, mp3, mp4 တွေထဲမှာ flashy ဆိုတဲ့ဖိုင်တွေ့ရင်အဲဒီဖိုင်ကိုလုံးဝမဖွင့်ပါနဲ့။
အဲဒါ Virus ပါ။
AVG Anti-Virus ကို update လုပ်ပြီးသတ်ပါ။
Read more!
Posted by
Myanmar Entrepreneurs
at
9:55 PM
2
comments
Labels: News
Myanmar Internet News: The Real Kid Blog
ကလေးလေးတွေ ဆွဲထားတဲ့ပုံ (အမှန်အကန်)
myanmarcartoons.blogspot.com
Read more!
Posted by
Myanmar Entrepreneurs
at
9:51 PM
0
comments
Labels: News
Thursday, March 22, 2007
Myanmar Internet News : Cartoon Blog
Posted by
Myanmar Entrepreneurs
at
8:23 PM
0
comments
Labels: News
Wednesday, March 21, 2007
Myanmar Internet News : Internet Seminar
ယနေ့မြန်မာအင်တာနက်နှင့်
ပညာရပ်ဆိုင်ရာအခွင့်အလမ်းများဟောပြောပွဲ
Seminar တွင် ပါဝင်ဟောပြောကြမည့်သူများနှင့် ဟောပြောမည့်ခေါင်းစဉ်များ
Saya Khin Maung Nyo (E-Trade) In Search of Talent
Dr. Tin Latt (MAT) Introduction to International Management & Knowledge
Dr. Nay Win Maung (Voice Journal) Digital Waves
U Aye Kyaw (MHR) Choosing Universities via Internet
U Thein Soe (Ocean Gate) ICDL Online Test
Ma Cho Zin Aye (Planet.com)
Ko Aung Phyo (Creative Web Studio) MyanmarTraining.com
Ko Wai Phyo Htut (Creative Web Studio) Web 2.0, CWS Training
Ko Kyaw Win Tun (SONY) Sony & Digital Era
U Ye Tun Aung (Service+) Digital & Internet Era in
MyanmarChronicle.com and
BLOGs
လာနားထောင်တဲ့သူတွေကို …
အခုချက်ခြင်းရ ကံစမ်းမဲများ
Discount သင်တန်းတက်ရောက်ခွင့်ခံစားမှုများ
အင်တာနက်သုံးခွင့်ကဒ်များ
ပေးမယ်တဲ့။
Read more!
Posted by
Myanmar Entrepreneurs
at
11:50 PM
0
comments
Labels: News
Myanmar Internet News : Myanmar ThinGyan Blog
သင်္ကြန်မကျမီမြန်မာပြည်တစ်ဝှမ်းတွင်သင်္ကြန်အကြိုပြင်ဆင်မှုများသင်္ကြန်အတွင်း ရေပက်ပျော်ရွှင်ကြပုံများ၊ သင်္ကြန်အပြီးကုသိုလ်ဒါနကောင်းမှုပြုကြပုံများကို မြန်မာပြည်တစ်ဝှမ်းရှိ Bloggerများစုပေါင်းကာ မြန်မာပြည်နှင့် ကမ္ဘာအဝှမ်းမှ ၂၀၀၇ မဟာသင်္ကြန်အဖြစ်အပျက်များကို ကြည့်ရှုနိုင်ရန် ပြုလုပ်သွားမည် ဖြစ်သည်။
စိတ်ဝင်စားပါက …
ရန်ကုန်
Ko Ye Tun Aung : ytaung@gmail.com
Ma Htaik Htaik Aung : htaike2aung@gmail.com
Ko Lin Htaik: lin.htaik@gmail.com
Ma Yadanar Cho: yadanar@gmail.com
Read more!
Posted by
Myanmar Entrepreneurs
at
11:35 PM
1 comments
Labels: News
Wednesday, March 14, 2007
Myanmar Internet Training : SMT Net (March 12 -16)
လူတိုင်းသိသင့်တတ်သင့်သော ပညာရပ်တစ်ခုဟုယုံကြည်ပါသည်။ ကျေးလက်တောရွာများအထိ ပျံ့နှံ့ပြီး၊ လူအားလုံးရဲ့ မျက်စိတွေ နားတွေကို ဖွင့်ပေးနိုင်သည်အထိအောင်မြင်စေချင်ပါသည်။ ဒါမှ ‘အ’ တဲ့သူမရှိ နိုင်တော့ဘူးပေါ့။
(U Myint Soe)
Read more!
Posted by
Myanmar Entrepreneurs
at
7:51 PM
0
comments
Labels: Our Photos
Sunday, March 04, 2007
Myanmar Internet Training : MPEC (March 5)
Posted by
Myanmar Entrepreneurs
at
11:37 PM
0
comments
Labels: Our Photos
Wednesday, February 21, 2007
Myanmar Internet Articles
Myanmar Youth, Internet and Chatting
Myanmar Women and the Danger of Internet
This articles are from Thanlwinainmat internet magazine.
Read more!
Posted by
Myanmar Entrepreneurs
at
5:46 AM
0
comments
Labels: Myanmar internet Articles
Tuesday, February 20, 2007
Myanmar Internet Articles : Blogger Personality
ဂုရုကြီးတွေလို အတွေ့ အကြုံ၊ ဗဟုသုတရှိပါတယ်။ ကွာခြားတာက သူ့ရဲ့ ကုမ္ပဏီ (ဒါမှမဟုတ်) အသိုင်းအဝိုင်းထဲမှာပဲ အကြံဥာဏ်တွေမျှဝေပါတယ်။
(၄) ပြတင်းပေါက် (The Window)
Read more!
Posted by
Myanmar Entrepreneurs
at
7:05 AM
3
comments
Labels: Blogging, Myanmar internet Articles
Monday, February 19, 2007
Myanmar Internet Articles
Surfing, Searching, Brain Storming
How to start Your Internet Journey?
Myanmar Blogs - Blooks
Digital Rock Myanmar
Read more!
Posted by
Myanmar Entrepreneurs
at
4:09 AM
0
comments
Labels: Myanmar internet Articles
Myanmar Internet Articles : Free Education
စွမ်းရည်အကောင်းဆုံး စူပါကွန်ပြူတာတစ်လုံးတည်ဆောက်ဖို့ သင့်ရဲ့အကူအညီ လိုအပ်နေတယ် ဆိုရင် သင်အံ့သြနေမလား။ မအံ့သြပါနဲ့။ ဒါတကယ်ပါ။ သင့်မှာ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန် ပြူတာလေးတစ်လုံးရှိနေရင်လုံလောက်ပါပြီ။ BONIC ဆိုတဲ့ software လေး သင့် ကွန်ပြူတာထဲထည့် လိုက်ပါ။သင်ဟာကမ္ဘာ့အပြင်ဘက်က သက်ရှိသတ္တဝါတွေကို ထောက်လှမ်းနေတဲ့ SETI@Home ဆိုတဲ့ စူပါကွန်ပြူတာကွန်ယက်ထဲကို အလွယ်တကူရောက်ရှိသွားပါမယ်။ သင်လုပ်ပေး ဖို့လိုတာက သင့်စီပီယူရဲ့ လုပ်ဆောင်နိုင်စွမ်းအနည်းငယ်ကို ဝေမျှပေးရုံပါပဲ။ ဒါဆိုရင် သင့်အနေနဲ့ စကြာဝဋ္ဌာဆိုင်ရာ သုသေတနလုပ်ငန်းမှာ ပါဝင်ကူညီပြီးသားဖြစ်သွားပါလိမ့်မည်။
ဒီနေရာမှာ သင်မေးစရာမေးခွန်းတစ်ခု ရှိလာပါလိမ့်မယ်။ ဘယ်သူကများ ကိုယ့် ကွန်ပြူ တာကို သူများ အလုပ်အတွက် ပေးသုံးချင်မှာလဲ။
ပြန်ဖြေပါ့မယ်။ အခု ဒီစနစ်ထဲမှာ ဝင်ရောက် ဆောင် ရွက်နေတဲ့ ကွန်ပြူတာပေါင်း ၁ သန်းကျော်နဲ့ အကူအညီပေးသူပေါင်း ၅သန်းကျော် ရှိနေပါပြီ။ ဒါဆိုရင် နောက်ထပ်မေးခွန်းက ဘာကြောင့် ဒီလူတွေ ဒီလိုလုပ်ကြတာလဲ၊ ဝင်ကူညီကြတာလဲ။ အဖြေက Networked Information Economy လို့ခေါ် တဲ့ သတင်းကွန်ယက်ဆက်သွယ်မှူ စီးပွားရေး စနစ် ကြောင့်ပဲဖြစ်ပါတယ်။ စီးပွားရေးစနစ်လို့ ပြောပေမယ့် ငွေကြေးအကျိုးအမြတ်အတွက် ရည်ရွယ်လေ့ မရှိကြပါဘူး။ တကယ်တော့ Networked Information Economy ဆိုတာ စားသုံးသူ (သို့မဟုတ်) ပြည် သူတစ်ဦးချင်းစီ ပူးပေါင်းဆောင်ရွက်ပြီး ပိုင်ရှင်မထားတဲ့ ကုန်ထုတ်လုပ်မှူ သဘောဆောင်ပါတယ်။ အထူးသဖြင့် သတင်းအချက်အလက် ဆက်သွယ်ရေးကဏ္ဍမှာ ဒီစနစ်ကို ပိုမိုတွေးမြင်နိုင်ပါတယ်။ Networked Information Economy ဖြစ်လာရတဲ့ အကြောင်းအရင်းကတော့ စွမ်းရည်မြင့်ကွန်ပြူတာ တွေ လူတိုင်းလက်ဝယ် ရှိနိုင်အောင် ဈေးနှူန်းကျဆင်းမှူ နဲ့ internet ကို အလွယ်တကူ ချိတ်ဆက်သုံးစွဲ နိုင်မှူ ကြောင့် ပဲဖြစ်ပါတယ်။
Read more!
Posted by
Myanmar Entrepreneurs
at
4:06 AM
0
comments
Labels: Myanmar internet Articles
Myanmar Internet Articles : Networked Information Economy
စွမ်းရည်အကောင်းဆုံး စူပါကွန်ပြူတာတစ်လုံးတည်ဆောက်ဖို့ သင့်ရဲ့အကူအညီ လိုအပ်နေတယ် ဆိုရင် သင်အံ့သြနေမလား။ မအံ့သြပါနဲ့။ ဒါတကယ်ပါ။ သင့်မှာ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန် ပြူတာလေးတစ်လုံးရှိနေရင်လုံလောက်ပါပြီ။ BONIC ဆိုတဲ့ software လေး သင့် ကွန်ပြူတာထဲထည့် လိုက်ပါ။သင်ဟာကမ္ဘာ့အပြင်ဘက်က သက်ရှိသတ္တဝါတွေကို ထောက်လှမ်းနေတဲ့ SETI@Home ဆိုတဲ့ စူပါကွန်ပြူတာကွန်ယက်ထဲကို အလွယ်တကူရောက်ရှိသွားပါမယ်။ သင်လုပ်ပေး ဖို့လိုတာက သင့်စီပီယူရဲ့ လုပ်ဆောင်နိုင်စွမ်းအနည်းငယ်ကို ဝေမျှပေးရုံပါပဲ။ ဒါဆိုရင် သင့်အနေနဲ့ စကြာဝဋ္ဌာဆိုင်ရာ သုသေတနလုပ်ငန်းမှာ ပါဝင်ကူညီပြီးသားဖြစ်သွားပါလိမ့်မည်။
ဒီနေရာမှာ သင်မေးစရာမေးခွန်းတစ်ခု ရှိလာပါလိမ့်မယ်။ ဘယ်သူကများ ကိုယ့် ကွန်ပြူ တာကို သူများ အလုပ်အတွက် ပေးသုံးချင်မှာလဲ။
ပြန်ဖြေပါ့မယ်။ အခု ဒီစနစ်ထဲမှာ ဝင်ရောက် ဆောင် ရွက်နေတဲ့ ကွန်ပြူတာပေါင်း ၁ သန်းကျော်နဲ့ အကူအညီပေးသူပေါင်း ၅သန်းကျော် ရှိနေပါပြီ။ ဒါဆိုရင် နောက်ထပ်မေးခွန်းက ဘာကြောင့် ဒီလူတွေ ဒီလိုလုပ်ကြတာလဲ၊ ဝင်ကူညီကြတာလဲ။ အဖြေက Networked Information Economy လို့ခေါ် တဲ့ သတင်းကွန်ယက်ဆက်သွယ်မှူ စီးပွားရေး စနစ် ကြောင့်ပဲဖြစ်ပါတယ်။ စီးပွားရေးစနစ်လို့ ပြောပေမယ့် ငွေကြေးအကျိုးအမြတ်အတွက် ရည်ရွယ်လေ့ မရှိကြပါဘူး။ တကယ်တော့ Networked Information Economy ဆိုတာ စားသုံးသူ (သို့မဟုတ်) ပြည် သူတစ်ဦးချင်းစီ ပူးပေါင်းဆောင်ရွက်ပြီး ပိုင်ရှင်မထားတဲ့ ကုန်ထုတ်လုပ်မှူ သဘောဆောင်ပါတယ်။ အထူးသဖြင့် သတင်းအချက်အလက် ဆက်သွယ်ရေးကဏ္ဍမှာ ဒီစနစ်ကို ပိုမိုတွေးမြင်နိုင်ပါတယ်။ Networked Information Economy ဖြစ်လာရတဲ့ အကြောင်းအရင်းကတော့ စွမ်းရည်မြင့်ကွန်ပြူတာ တွေ လူတိုင်းလက်ဝယ် ရှိနိုင်အောင် ဈေးနှူန်းကျဆင်းမှူ နဲ့ internet ကို အလွယ်တကူ ချိတ်ဆက်သုံးစွဲ နိုင်မှူ ကြောင့် ပဲဖြစ်ပါတယ်။
Read more!
Posted by
Myanmar Entrepreneurs
at
4:00 AM
0
comments
Labels: Myanmar internet Articles
Saturday, February 10, 2007
FREE Internet Manual
FREE Internet Manual (Written in Myanmar) Click Here
Read more!
Posted by
Myanmar Entrepreneurs
at
5:36 PM
0
comments
Labels: FREE Internet Manual
Tuesday, February 06, 2007
Web 1.0 Vs Web 2.0
- Web 1.0 was about reading, Web 2.0 is about writing
- Web 1.0 was about companies, Web 2.0 is about communities
- Web 1.0 was about client-server, Web 2.0 is about peer to peer
- Web 1.0 was about HTML, Web 2.0 is about XML
- Web 1.0 was about home pages, Web 2.0 is about blogs
- Web 1.0 was about portals, Web 2.0 is about RSS
- Web 1.0 was about taxonomy, Web 2.0 is about tags
- Web 1.0 was about wires, Web 2.0 is about wireless
- Web 1.0 was about owning, Web 2.0 is about sharing
- Web 1.0 was about IPOs, Web 2.0 is about trade sales
- Web 1.0 was about Netscape, Web 2.0 is about Google
- Web 1.0 was about web forms, Web 2.0 is about web applications
- Web 1.0 was about screen scraping, Web 2.0 is about APIs
- Web 1.0 was about dialup, Web 2.0 is about broadband
- Web 1.0 was about hardware costs, Web 2.0 is about bandwidth costs
Read more!
Posted by
Myanmar Entrepreneurs
at
6:47 AM
0
comments
Labels: Web 2.0
Saturday, February 03, 2007
Friday, February 02, 2007
Myanmar Internet Training : SMT Net
Posted by
Myanmar Entrepreneurs
at
5:31 AM
0
comments
Labels: Our Photos
Friday, January 19, 2007
Myanmar Internet Training :15 to 19 January @ Service+
Today, I share my knowledge to
Left - Ko Yan Lin Aung, Ma Wot Ye, Ko That Zin Oo
Right- Ma Nan Saing Hein , ???(I don't know her name)
Theint helps me a lot.
One of the friends in the class ask me to explain with more basically and
clearer example.I'll try for sure.
Date : 15 to 19 January 2007
Time : 6 to 8 +
Read more!
Posted by
Myanmar Entrepreneurs
at
4:33 AM
0
comments
Labels: Our Photos

- Our Photos (11)
- Myanmar internet Articles (8)
- News (5)
- Blogging (1)
- FREE Internet Manual (1)
- List of Myanmar Forums (1)
- Myanamr Online Forums (1)
- Myanmar Forums (1)
- Myanmar Internet Review (1)
- Web 2.0 (1)